Main menu

သဘာဝပေါက်ပင်ဆီးသီး(အချဉ်မျိုး)အပင်များမှ မိသားစုဝင်ငွေရရှိ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဆီးသီး (အချဉ်မျိုး)ထွက်ရှိသည့် မိတ္ထီလာမြို့နယ်၊ သီးကုန်းကျေးရွာ၊ မုန်တိုင်ကျေးရွာ၊ သုံးအိုင်ကျေးရွာများသို့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့၊ နံနက်           ( ၁၀း၃၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ဆီးသီး(အချဉ်မျိုး)အပင်များသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသများတွင် အများဆုံးပေါက်တတ်သည့် သဘာဝပေါက်ပင် ဆူးခြုံပင်ဖြစ်ပြီး နှစ်ရှည်သီးနှံအမျိုးအစားဖြစ်ပါသည်။ ဆီးပင်များသည် တောင်သူများ၏ လယ်ကန်တင်း၊ ယာကန်တင်းနှင့် မြေလွတ်မြေရိုင်း ချောက်ကမ်းပါးများတွင် သဘာဝအလျောက် အလေ့ကျပေါက်လျက်ရှိပါသည်။ နှစ်စဉ် ဒီဇင်ဘာလဆန်းမှ ဖေဖော်ဝါရီလကုန်ထိ (၃)လခန့်ခူးဆွတ်ကောက်ယူကြရကြောင်း၊ အရွယ်ရောက်ပြီးသော ဆီးပင်တစ်ပင်မှ တစ်ရာသီလျှင် (၂၀) တင်းမှ (၂၅) တင်းခန့်အထိထွက်ရှိကြောင်း၊ ခူးဆွတ်ကောက်ယူရရှိသော ဆီးသီးများကို နေလှမ်းအခြောက်ခံပြီး ရွာအရောက်လာရောက်ဝယ်ယူကြသော ပွဲစားများကိုလည်းကောင်း၊ မြို့ပေါ်ဇီးသီးပွဲရုံအဝယ်ဒိုင်များသို့လည်းကောင်း တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် ဆီးသီးခြောက် (၁) တင်းလျှင် (၇၀၀၀မှ ၁၀၀၀၀) ကျပ်ထိဈေးနှုန်းဖြင့် ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်တွင် ဆီးသီးစပေါ်ချိန်ဖြစ်သော ဒီဇင်ဘာလတွင် (၁) တင်းလျှင် (၁၀၀၀၀) ကျပ်ဈေးနှုန်းရရှိခဲ့ရာမှ ယခုလက်ရှိတွင် (၁) တင်းလျှင် (၁၃၀၀၀) ကျပ်အထိရရှိကြောင်း၊ တောင်သူများထံမှသိရပါသည်။ အကျိုးအမြတ်အနေဖြင့် ထွက်ရှိလာသော ဆီးသီးများရောင်းရငွေသည် တောင်သူများ၏ အကျိုးအမြတ်ဖြစ်ကြောင်း၊ တောင်သူများမှာ အရွယ်ရောက်ရှိပြီးသော ဆီးပင် (၁) ပင်ပိုင်ဆိုင်ထားလျှင်ပင် (၁) ရာသီအတွင်း ဝင်ငွေ ကျပ်(၃) သိန်းကျော်ခန့် အသားတင်ရရှိကြကြောင်းသိရှိရပါသည်။

      ဆီးသီး (အချဉ်မျိုး) အပင်များသည် မြေလွတ်နေရာများ၊ လယ်ကန်တင်း၊ ယာကန်တင်းများ၊ ချောက်ကမ်းပါးများတွင် အလေ့ကျပေါက်သည့်အတွက် တောင်သူများအတွက် စိုက်ပျိုးကုန်ကျစရိတ်မရှိခြင်း၊ ဂရုစိုက်ပြုစုပျိုးထောင်ပေးရန်မလိုအပ်ခြင်း၊ မိသားစုအပိုဝင်ငွေရရှိခြင်း၊ အရှုံးမရှိဘဲ အမြတ်သာရရှိခြင်း၊ ဆီးပင်များများရှိလျှင် အကျိုးအမြတ်ပိုမိုရရှိခြင်းတို့ကြောင့် ကျေးလက်နေတောင်သူများကို သဘာဝကပေးသော လက်ဆောင်အပင်မျိုးများဖြစ်ကြပါသည်။

      ကျေးလက်နေတောင်သူများ၏ မိသားစုဝင်ငွေကိုအကျိုးပြုနေသော တန်ဖိုးကြီးလှသည့် ဆီးပင် (အချဉ်မျိုး)များကို လယ်ခင်း၊ ယာခင်း၊ ဥယျာဉ်များဖြင့် စနစ်တကျစိုက်ပျိုးကြပြီး သေချာဂရုစိုက်ပြုစုပျိုးထောင်ပေးလမည်ဆိုလျှင် ယခုထက်မကသော ဝင်ငွေများပိုင်ဆိုင်ရရှိကြမည်ဖြစ်ပါကြောင်း အကြံပြုတင်ပြရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)