မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့တွင် ဆန်အများစုကို ကုန်းဇောင်းနှင့် မြောင်းမြတို့မှ အဓိကဝယ်ယူကြောင်း သိရှိရပါသည်။
၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)အတွင်းရောင်းချနေသော ဆန်စျေးနှုန်းများမှာ ဧရာပဒေသာ (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာပဒေသာ(ကျွန်းဝါ) (၂၄)ပြည် (၁)အိတ် လျှင် ကျပ်(၁၅၅၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ပေါ်ဆန်း (မြောင်းမြ) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ရက်(၉၀)(၂၄)ပြည် (၁)အိတ်လျှင် ကျပ် (၉၉၀၀၀)၊ ဆန်လတ်ကြီး(သစ်) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၈၅၀၀၀)၊ ဆန်လတ်သေး (ဟောင်း) (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)ဖြစ်ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဧရာ ပဒေသာကျပ်(၅၀၀၀)၊ ဧရာပဒေသာ(ကျွန်းဝါ) ကျပ်(၅၀၀၀)၊ ဧရာပဒေသာ(မြောင်းမြ) ကျပ်(၅၀၀၀)၊ ပေါ်ဆန်း(မြောင်းမြ) ကျပ်(၅၀၀၀)၊ ရက်(၉၀)ဆန် ကျပ်(၄၀၀၀)၊ ဆန်လတ်ကြီး(သစ်) ကျပ် (၁၀၀၀၀)၊ ဆန်လတ်သေး(ဟောင်း) ကျပ်(၈၀၀၀)ခန့်အသီးသီးဈေးနှုန်းမြှင့်တက်ပြီး ယခုအခါတွင် အများစုမှာ ဆန်လတ်ကိုသာအများဆုံးဝယ်ယူကြောင်း ဆန်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)