Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် လယ်ယာထွက်ကုန်သီးနှံမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများမှာ ဖေဖော်ဝါရီလ (ပထမ ပတ်)အတွင်း နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀-၃၈၀၀၀၀)ဖြင့် အိတ် (၂၂၀၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၃၆၀)ကို လည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀)ဖြင့် အိတ်(၁၂၀)ကိုလည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀)ဖြင့် အိတ်(၉၀)ကိုလည်းကောင်း၊ ကုလားပဲ (HL) (၁)တင်းလျှင် ကျပ်(၉၅၀၀၀-၉၉၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၂၉၀)အိတ်ကိုလည်းကောင်း၊ ကုလား ပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၉၅၀၀၀-၉၈၀၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၂၀၀)အိတ်ကို လည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၀၃၀၀၀-၁၀၆၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၁၈၀) အိတ် ကိုလည်းကောင်း၊ ပဲစဉ်းငုံနီ(၁)တင်းလျှင် ကျပ်(၁၂၃၀၀၀-၁၂၈၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ် (၃၈၀၀) အိတ် ကိုလည်းကောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၇၅၀၀၀-၇၉၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ် (၁၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) (၁)တင်းလျှင် ကျပ်(၇၇၀၀၀-၇၈၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၇၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(မိုး) (၁)တင်းလျှင် ကျပ်(၆၅၀၀၀-၆၆၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၂၀၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀-၁၂၅၀၀၀)ဖြင့် (၃၀)ပိဿာဝင် အိတ်(၁၇၀)အိတ်ကိုလည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

       မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၉၀၀-၆၉၅၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၄၅၀)အိတ်ကို လည်းကောင်း၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၇၅၀၀-၈၀၀၀)ဖြင့် (၃၀)ပိဿာဝင်အိတ် (၁၈၀) အိတ်ကိုလည်းကောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ကျပ်(၂၇၀၀၀-၂၉၀၀၀)ဖြင့် (၃၈၀၀)တင်း ကိုလည်းကောင်း အသီးသီးအရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် မတ်ပဲ၊ ပဲစဉ်းငုံနီ၊ ပဲတီစိမ်းတို့ကို ရန်ကုန်မြို့သို့လည်းကောင်း၊ နှမ်းကို မန္တလေးမြို့သို့လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)