Main menu

ကံမမြို့နယ်ပဲတီစိမ်းနှင့် မတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာ စသည့်ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် ပဲတီစိမ်းသီးနှံမှာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် (၃၀) ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၀၃၅၀၀၀-၁၀၅၀၀၀)ဖြင့် သီးနှံအည်အသွေးပေါ်မူတည်၍  တစ်နေ့လျှင် အိတ်ရေ (၂၀ မှ ၃၀) ဝန်းကျင်ခန့် ဝင်ရောက်ပြီး အ‌ရောင်းအဝယ်အေးလျက်ရှိကြောင်း ဆောင်းမတ်ပဲသီးနှံများမှာလည်း ဖေဖော်ဝါရီလ(ပထမပတ်)တွင် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၃၇၅၀၀မှ၁၆၅၀၀၀)ဖြင့် အတက်ဈေးကျပ်(၉၀၀၀)ဖြင့် တစ်နေ့လျှင်အိတ်ရေ (၁၀၀ မှ ၁၃၀) ဝန်းကျင်ခန့် ဝင်‌ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ နေ့စဉ်‌ တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည်ကိုထိုက်သူအောင်ထံမှ သိရပါသည်။

     ကံမမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံများကို လျာထားဧက (၆၈၂၃)ဧက၊ စိုက်ပျိုးပြီးဧက(၃၉၅၉)ဧကဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ထိ ရိတ်သိမ်း ဧက(၄၈၆)ဧက၊ အထွက်နှုန်း(၁၂.၂၃)တင်း၊ အထွက်တင်း(၅၉၄၄)တင်း ဖြစ်ကြောင်း  ဆောင်းမတ်ပဲ သီးနှံလျာထားဧက(၇၂၀၉)ဧက၊ စိုက်ပျိုးပြီးဧက(၂၂၅၃၇)ဧကဖြစ်ပြီး ဇန်နဝါရီလ(၃၁) ရက်နေ့ အထိ ရိတ်သိမ်းပြီးဧက(၁၀၁၅၇)ဧက၊ အထွက်နှုန်း(၁၄.၈၉)တင်း၊ အထွက်တင်း(၁၅၁၂၃၈) တင်းဖြစ်ပါကြောင်း မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)