မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၇)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီလ တတိယအပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၇၂၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၈၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၇၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၁၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်းသိရသည်။
စက်သုံးဆီဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၏ (၀၉-၄၄၀၄၃၃၅၃၃၃၊ ၀၉-၆၉၉၆၁၁၁၆၊ ၀၆၇-၄၁၁၁၂၉၊ ၀၆၇-၄၀၉၈၈၁) လုံခြုံစိတ်ချစွာဖြင့် တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။
DOCA(ကရင်)