Main menu

ပြည်ပဆန် ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ

Powered by Drupal

    မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေး (ရုံးအုပ်) သည် အမှတ်(၄၂၄)၊ မင်းရဲကျော်စွာရပ်ကွက်၊ ပြည်လမ်း၊ ဥက္ကံရွာမ၊ ဥက္ကံမြို့ရှိ BMI  ဆန်စက်သို့သွားရောက်၍ ပြည်ပဆန်ကြိတ်ခွဲနေမှုအခြေအနေကိုမေးမြန်းခဲ့ရာ ယင်းစက်တွင် တစ်နေ့လျှင် စပါး (၁၀၀၀)ကြိတ်ခွဲထုတ်လုပ်လျက်ရှိပြီး ဆန်များကို ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိပါသည်။ ဆန်စက်ကြီးတွင် အဆင့်မြင့်စက်ပစ္စည်းများသုံးစွဲ၍ အရည်အသွေးကောင်းမွန်သော ပြည်ပဆန်များကိုသာကြိတ်ခွဲလျက်ရှိကြောင်း၊ အခြောက်ခံစက် (၁၅)တန်ကျ (၄) လုံးရှိပြီး စပါးတင်း (၁၀၀၀)ကြိတ်ခွဲလျှင် ဆန်၊ ဆန်ကွဲ (၃၀၀)အိတ်ကြိတ်ခွဲရရှိပြီး ဆန်သား (၂၅၀)အိတ်၊ ဆန်လတ် (တစ်ဝက်ကြိုး ၂၀)အိတ်၊ B-12 (၃၀)အိတ်၊ ဖွဲနု (၄)အိတ်နှင့် ပွိုင့် (၃)အိတ်ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း၊ ဆန် (၁)အိတ်လျှင် (၁၁၀.၅)ပေါင်၊ B-12 (၁၀၈)ပေါင်၊ ဖွဲနု၊ ပွိုင့် (၆၅) ပေါင်ထည့်ကြောင်းသိရှိရပါသည်။ ထွက်ရှိလာသောဆန်များကို ပြည်ပပို့ရန် သာဓုကန်စက်မှုဇုန်၊ ဥဿဘုရားလမ်း BMI ကုမ္ပဏီသိုရုံသို့ပို့ပြီး BMI ကုမ္ပဏီသည် ကုန်စည်လမ်းထောင့်၊ ဗိုလ်မြတ်ထွန်းတာဝါ (၈) လွှာတွင်ဖွင့်လှစ်ထားပြီး အဆင့်မီဆန်များကိုကြိတ်ခွဲ၍ ပြည်ပနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နှင့် ရိုမေးနီယားနိုင်ငံများသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)