Main menu

အထက်မင်းလှမြို့နယ်၏ ကွမ်းသီး၊ ကွမ်းရွက်ဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင်ရောင်းချနေသော ကွမ်းရွက်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့တို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချနေသောကွမ်းရွက်များဖြစ်ကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှမ်းဆေးနှင့် ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရှိရပါသည်။

    မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက်လက်လီ/လက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့် ကွမ်းရွက်ဝါဟူ၍ အမျိုးအစား(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပို၍အစားများကြကြောင်းသိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ (၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့် နေရာဒေသအလိုက် ကျပ် (၁၃၀၀၀ - ၁၄၀၀၀ -၂၀၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ ကွမ်းသီးစိပ်(၁) ပိဿာလျှင် ကျပ်(၇၀၀၀ - ၆၅၀၀)၊ ကွမ်းစားထုံး (၁)လီတာ(၁)ဘူးလျှင် ကျပ်(၉၀၀)၊ ကွမ်းစားနှပ်ဆေး(၁)ထုပ်လျှင် ကျပ်(၅၀၀ - ၆၀၀)၊ ဗမာဆေး(၁)ထုပ်လျှင် ကျပ်(၃၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာ၊ ကွမ်းသီး(၄)ပိဿာကို ပုံမှန်ရောင်းချရကြောင်း၊ ယခု၂၀၂၄ခုနှစ်တွင် သယ်ယူစရိတ်မှာ ပိုမြင့်မားလာသည့်အတွက် ကွမ်းရွက်၊ ကွမ်းသီးဈေးနှုန်းမှာ မတည်ငြိမ်ကြောင်း၊ သို့သော် စားသုံးသူများအတွက် ဈေးကို တက်နိုင်သမျှ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ကွမ်းသီး၊ ကွမ်းရွက်အရောင်းဆိုင်အနေဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုက်သင့်သည့်အကျိုးအမြတ်ရရှိနေသောကြောင့် အဆင်ပြေလျက်ရှိကြောင်း အထက်မင်းလှ-သရက်ကားလမ်းမကြီးဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)