Main menu

တောင်ငူမြို့တွင် ဘူးသီးအထွက်ကောင်း၍ ဈေးနှုန်းကျဆင်း

Powered by Drupal

    တောင်ငူမြို့ ပတ်ဝန်းကျင်ကျေးရွာများမှ ဘူးသီးစိုက်ပျိုးသူများသည် ညောင်ပင်ဈေးသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ ယခုနှစ်တွင် နှင်းကျကာ ချိန်ခါမဟုတ်မိုးရွာသွန်းမှုမရှိဘဲ ရာသီဥတုကောင်းမွန်သဖြင့် ဘူးသီးအထွက်ကောင်း၍ ဈေးနှုန်းလည်း ကျဆင်းပါသည်။

      ယခင်နှစ်က ဘူးသီး အသေး တစ်လုံးလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ၊ အလတ် ၁၂၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိနှင့် အကြီး ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရှိသော်လည်း ယခုအခါတွင် ဘူးသီးတစ်လုံးလျှင် အသေး ၃၀၀ ကျပ်၊ အလတ် ၅၀၀ ကျပ်နှင့် အကြီး ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ဈေးနှုန်းထက်ဝက်ခန့် ကျဆင်းပါသည်။

       ဈေးနှုန်းကျဆင်းသော်လည်း  အထွက်ကောင်းသဖြင့် ဘူးသီးစိုက်တောင်သူများအတွက် နစ်နာမှုမရှိကြောင်းနှင့် ဈေးနှုန်းကျဆင်းသဖြင့် ရောင်းအားကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)