Main menu

“ဆောင်းနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုစုံစိုက်ပျိုးလျက်ရှိပြီး ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နှမ်းသီးနှံကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ခရိုင်အတွင်း ဆောင်းနှမ်း စိုက်ဧက(၁၀၃၆၂)ဧကစိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၄၃၈၉)ဧက၊စဉ့်ကိုင်မြို့နယ် တွင် (၉၆၃)ဧက၊မြစ်သားမြို့နယ်တွင်(၅၀၁၀)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုလက်ရှိ ဆောင်းနှမ်းရိတ် ဧက (၉၆၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ဆောင်းနှမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလများ တွင် စတင်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းမှစတင်၍ ဆောင်းနှမ်းများ စတင်ရိတ် သိမ်းလျက်ရှိပါသည်။ဆောင်းနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၂၆၀၀၀၀)ကျပ် ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၈-၉)တင်းခန့်ထွက်ရှိကြောင်း ၊ နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ် နှမ်းဖြူ တစ်တင်းလျှင်(၈၃၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင်(၆၅၀၀၀)ကျပ်၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင် (၆၆၀၀၀) ကျပ်၊ နှမ်းဆီ(၁)ပိဿာလျှင်(၁၂၀၀၀) ကျပ် တို့ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုလက်ရှိ နှမ်းစျေးနှုန်း အနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၃၃၀၀၀)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်(၁၀၃၀၀၀)ကျပ် ၊ နှမ်းနက် ရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀)ကျပ် ၊ နှမ်းဆီ(၁) ပိဿာလျှင်(၁၃၀၀၀)ကျပ်စျေးတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဆောင်းနှမ်းထွက်ပေါ် ချိန်တွင် စျေးနှုန်းများကောင်းမွန်သောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၈၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် အမြတ်ရရှိကြောင်း နှမ်းစိုက်တောင်သူ တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)