Main menu

ဆီးပင်မှအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် ယာကွက်များ၊ ကိုင်းကွင်းများဘေး၌ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လေ့ရှိသော ဆီးချဉ်ပင်များ၊ ဆီးချိုပင်များမှထွက်ရှိသည့်ဆီးသီးအစို၊ အခြောက်များနှင့် ဆီးစေ့များကို ကောက်ယူရောင်းချသူများအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

    တစ်နှစ်တစ်ခါ ဆီးသီးများထွက်ရှိသည့်အချိန်တွင် ဆီးပင်တစ်ပင်လျှင် အပင်သက်တမ်းအနုအရင့်အလိုက် (၆)တင်းမှ (၁၀)တင်းကျော်ထိထွက်ရှိကြောင်း၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတင် ကောက်ယူသည့်အချိန်တွင် ဈေးနှုန်းအနေဖြင့် ဆီးသီးအစိုတစ်တင်းလျှင် ကျပ်(၁၂၅၀၀)၊ အခြောက်တစ်တင်းလျှင် ကျပ်(၁၅၀၀၀)၊ ဆီးစေ့တစ်တင်းလျှင် ကျပ်(၁၈၀၀၀)ထိဈေးနှုန်းရရှိကြောင်း၊ ဆီးစေ့နှင့် ဆီးသီးအခြောက်ထက် ဆီးသီးအစိုကို ပိုမိုရောင်းချလာကြသည့်အတွက် ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ဆီးသီးအစို(၁)တင်းလျှင် ကျပ်(၁၄၀၀၀)ဈေးနှုန်းဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချကြောင်း၊ ထို့ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ကြောင်းလည်းသိရှိရပါသည်။ မိမိယာကွက်ဘေးတွင် အလေ့ကျပေါက်သည့် ဆီးပင်များမှထွက်ရှိသည့် ဆီးသီးများကိုရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိနေကြောင်း အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်တွင်နေထိုင်သည့် ဆီးသီးကောက်ယူရောင်းချသည့် တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)