Main menu

ပခုက္ကူမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကိုနေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၅)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၅၆၅)၊ 95 တစ်လီတာလျှင် ကျပ်(၂၆၇၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၀၅)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၄၇၅) ဈေးနှုန်းတို့ဖြင့်ရောင်းချခဲ့ပြီး ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၇၃၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၈၅၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၅၇၀)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၆၂၀) ဈေးနှုန်းဖြစ်၍ ဇန်နဝါရီလ(ဒုတိယပတ်)နှင့် ဖေဖော်ဝါရီလ(ဒုတိယပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ယခုဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၁၆၅)၊ 95 တစ်လီတာလျှင် ကျပ်(၁၇၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၁၆၅)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၁၄၅)ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်းနှင့် စက်သုံးဆီအနေဖြင့် ပြတ်လပ်မှုမရှိကြောင်း  စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)