Main menu

ဖျာပုံမြို့နယ်၊ အောက်ကွင်းကျေးရွာမှ စိုက်ပျိုးသည့် နေကြာစိုက်ခင်းအား ကွင်းဆင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် အောက်ကွင်းကျေးရွာရှိ  နေကြာစိုက်ခင်းသို့ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ၊နေ့လယ် (၂:၀၀) နာရီ အချိန်တွင် ဦးမျိုးမင်းထွဋ် စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းသို့ ကွင်းဆင်းခဲ့ကြပါသည်။ တောင်သူဦးမျိုးမင်းထွဋ်နှင့် တွေ့ဆုံ၍ နေကြာစိုက်ပျိုးမှုနှင့် တစ်ဧကကုန်ကျစရိတ်၊ ထွက်ရှိနိုင်မည့် ခန့်မှန်းအခြေအနေများအား မေးမြန်းရာ စိုက်ပျိုးထားမှု ဧကမှာ (၅) ဧက စိုက်ပျိုးထားပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း( ၅ ) ရှိပြီး  တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း ( ၂၀ ) တင်း ထွက်မည်ဟု ခန့်မှန်းကြောင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ထိခိုက်မှုအနည်းငယ်ရှိကြောင်း၊ ထွက်ရှိလာသောနေကြာများကိုလည်း ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာရှိ “ရွှေကောင်းစံ” ဆီစက်တွင် ကြိတ်ခွဲထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊နေကြာစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်းစားသုံးဆီ အထောက်အပံ့ဖြစ်စေရေးအတွက် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ပါကြောင်း တောင်သူဦးမျိုးမင်းထွဋ်ထံမှ သိရသည်။

DOCA(ဧရာဝတီ)