Main menu

ပြည်တွင်းထုတ် လော်ပန်ဘီစကစ်လုပ်ငန်း

Powered by Drupal

     အမှတ်(၁၂၃)၊ ဘုရင့်နောင်လမ်း၊ ရွှေပြည်သာစက်မှုဇုန်(၄)၊ အင်းစိန်မြို့နယ်တွင်တည်ရှိသော လော်ပန်ဘီစကစ်စက်ရုံသို့သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းအကြောင်းမေးမြန်းခဲ့ရာ စက်ရုံမန်နေဂျာ ဦးဇော်မင်းထိုက်က လော်ပန်ဘီစကစ်လုပ်ငန်းကို ၂၀၁၄ခုနှစ်မှစတင်၍ ဝန်ထမ်း ကျား(၇၄)ဦး၊ မ(၆၉)ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၁၄၃)ဦးဖြင့် လုပ်ကိုင်ခဲ့ပါသည်။ ထုတ်လုပ်မှုအနေဖြင့် (၁)ရက်လျှင် အမှတ်တံဆိပ်(၂)မျိုးသာထုတ်လုပ်ပြီး စက်ရုံမှထုတ်လုပ်သော အမျိုးအစားများမှာ ရွှေပင်ငွေပင်-နို့မြေပဲကွတ်ကီး၊ လျှာလည်လည်-လီမွန်ရေခဲညှပ်ကွတ်ကီး၊ ဆိမ့်ဆိမ့်လေး-အာလူးဘီစကစ်၊ အာစရိ-Green Tea Cookie၊ လော်ပန်-စပါယ်ရှယ်ကွတ်ကီး၊ ၁၂၃-ဘီစကစ်၊ ကခ-ဘီစကစ်၊ ABC-ဘီစကစ် စသောအမှတ်တံဆိပ်(၈)မျိုးထုတ်လုပ်ပြီး ပါဝင်ပစ္စည်းအမျိုးအစားများမှာ ဂျုံ၊ ဆီ၊ သကြား၊ နို့မှုန့်၊ ချောကလက်၊ ကိုကိုးပေါင်ဒါများအဓိကပါဝင်ပါသည်။ ရွှေပင်ငွေပင်၊ လျှာလည်လည်နှင့် ဆိမ့်ဆိမ့်လေးဘီစကစ်များမှာ ဈေးကွက်အတွင်း ပိုမိုအရောင်းသွက်ပြီး ၁၂၃၊ ကခ၊ ABC အမှတ်တံဆိပ် လေဖောင်းမုန့်များသည် ကလေးများအတွက် အဓိကထုပ်လုပ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချနေသော ပြည်တွင်းထုတ်ဘီစကစ်တစ်မျိုးဖြစ်ပြီး ဈေးကွက်အနေဖြင့် မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိနေကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)