Main menu

ဆန်အိတ်ဝယ်ယူပြီး နစ်နာသဖြင့်တိုင်ကြားမှုအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာနသို့ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်း သိရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနေထိုင်သူတစ်ဦးသည် မုံရွာခရိုင်စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားလာပါသည်။ ဆန်အိတ်ဝယ်ယူပြီးနောက် အိမ်ရောက်သည့်အခါ နမူနာကြည့်ရှုဝယ်ယူခဲ့သည့် ဆန်အမျိုးအစားမဟုတ်ဘဲ ဈေးချိုသည့် ဆန်များ ဖြစ်နေသည့်အတွက် ဆန်ဆိုင်သို့ပြန်လဲပေးရန်ပြောသော်လည်း ဝယ်ပြီးပစ္စည်း ပြန်လဲမပေးကြောင်း ပြောကြားသည့်အတွက် တိုင်ကြားခြင်းဖြစ်ပါသည်။

        စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံးသည် တိုင်ကြားမှုနှင့်ပတ်သက်၍ မှန်ကန်မှုရှိမရှိ စစ်ဆေးရန်အတွက် တိုင်ကြားသူအား တိုင်ကြားမှုပုံစံ ဖြည့်သွင်းစေခဲ့ပြီး လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းအမှတ်၊ မျက်မြင်သက်သေ၊ ဆန်နမူနာနှင့် ပြေစာအထောက်အထားများကို တောင်းခံစစ်ဆေး ခဲ့ပါသည်။ ပေးခဲ့ရသည့်ဈေးနှင့်ကိုက်ညီသည့် ဆန်အမျိုးအစား မဟုတ်ဘဲ တန်ဖိုးလျော့သည့်ဆန် ရရှိခြင်းသည် စိတ်ကျေနပ်မှုမရရှိသည့်အပြင် ငွေကြေးနစ်နာဆုံးရှုံးမှုဖြစ်ပါသည်။ ထို့ကြောင့်  တိုင်ကြား ခံရသည့်လုပ်ငန်းရှင်ကို ညှိနှိုင်းဖြေရှင်းရန်ခေါ်ယူခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာကို သိရှိသော ကျွမ်းကျင်သူဖြစ်သည့် ဆန်လုပ်ငန်းရှင် ဆန်စက်ပိုင်ကို ဖိတ်ကြားကာ ၎င်း၏ရှေ့တွင် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်များကို ရှင်းလင်းပြောကြားပြီး ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန်နှင့် နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာပါရှိစေရန် လုပ်ငန်းရှင်က အာမခံချက်ပေးရမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။ ဆန်ဆိုင်မှ ဆန်အိတ်နေရာပြောသော်လည်း ဝယ်ယူသူကိုယ်တိုင် ဆန်အိတ်ချင်းမှား၍ သယ်ယူသွားခြင်းဖြစ်ကြောင်းသိရပါသည်။ ပေးချေခဲ့သည့်ဆန်တန်ဖိုးအောက် ဈေးနိမ့်သည့် ဆန်အမျိုးအစား မှားယွင်းသွားသည်မှာ မှန်ကန်သဖြင့် ဆန်ဆိုင်က ကွာခြားတန်ဖိုး ကျသင့်ငွေအား တိုင်ကြားသူထံသို့ ပြန်လည်ပေးအပ်ခဲ့ခြင်းဖြင့် စားသုံးသူတိုင်ကြားမှုကို ကျေနပ်အောင် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)