Main menu

မော်လမြိုင်မြို့ကုန်စည်ဒိုင်မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်းကျဆင်းသည့် အခြေအနေ

Powered by Drupal

     မော်လမြိုင်ကုန်စည်ဒိုင်၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (တတိယပတ်)အတွင်း ကြက်သွန်နီဈေးနှုန်းအခြေအနေမှာ မြစ်သားကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ကျပ်၃၄၀၀၊ မြစ်သားကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ်၃၃၀၀၊ မြစ်သားကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ မိုးကြက်သွန်နီ (အသစ်) (အကြီး) တစ်ပိဿာလျှင် ကျပ်၂၉၀၀၊ မိုးကြက်သွန်နီ(အသစ်)(အလတ်) တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ မိုးကြက်သွန်နီ(အသစ်) (အငယ်)တစ်ပိဿာလျှင် ကျပ်၂၃၀၀ဖြစ်သည်။

      ကြက်သွန်ဖြူဈေးနှုန်းမှာ ကြူကုတ်တစ်ပိဿာလျှင် ကျပ်၉၅၀၀၊ ထူလေးတစ်ပိဿာလျှင် ကျပ်၁၅၀၀၀၊ ထူငါးတစ်ပိဿာလျှင် ကျပ်၁၅၅၀၀၊ ချင်း (ဥမ) တစ်ပိဿာလျှင် ကျပ်၃၉၀၀ ဖြစ်ကြောင်းနှင့် ၎င်းဈေးနှုန်းများသည် အပတ်စဉ်ပြောင်းလဲမှုရှိကြောင်းသိရှိရပါသည်။

      ယခင်လ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)အတွင်း ကြက်သွန်နီဈေးနှုန်းအခြေအနေမှာ မြစ်သားကြက်သွန်နီ(အကြီး) တစ်ပိဿာလျှင် ကျပ်၃၇၀၀၊ မြစ်သားကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ မြစ်သားကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ မိုးကြက်သွန်နီ(အသစ်) (အကြီး) တစ်ပိဿာလျှင် ကျပ်၃၂၀၀၊ မိုးကြက်သွန်နီ(အသစ်)(အလတ်) တစ်ပိဿာလျှင် ကျပ်၂၆၀၀၊ မိုးကြက်သွန်နီ (အသစ်) (အငယ်) တစ်ပိဿာလျှင် ကျပ်၂၆၀၀ဖြစ်သည်။

    ကြက်သွန်ဖြူဈေးနှုန်းမှာ ကြူကုတ်တစ်ပိဿာလျှင် ကျပ်၁၀၅၀၀၊ ထူလေးတစ်ပိဿာလျှင် ကျပ်၁၇၀၀၀၊ ထူငါးတစ်ပိဿာလျှင် ကျပ်၁၇၅၀၀၊ ချင်း (ဥမ) တစ်ပိဿာလျှင် ကျပ်၃၅၀၀ ဖြစ်ကြောင်းနှင့် ၎င်းဈေးနှုန်းများသည် အပတ်စဉ်ပြောင်းလဲမှုရှိကြောင်းသိရှိရပါသည်။

      ထို့ကြောင့် ယခင်လကြက်သွန်နီဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀ကျပ်နှင့် ၄၀၀ကျပ်အတွင်း၊ ကြက်သွန်ဖြူဈေးနှုန်းမှာ ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အတွင်း ဈေးနှုန်းကျဆင်းကြောင်းသိရသည်။ ကြက်သွန်နီ/ဖြူဈေးနှုန်းကျဆင်းရခြင်းမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူအသစ်များပေါ်ချိန်ရာသီဖြစ်၍လည်းကောင်း၊ မော်လမြိုင်သို့ ဝင်ရောက်မှုများပြားမှုတို့ကြောင်းလည်းကောင်း ဈေးနှုန်းများကျဆင်းရခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

DOCA(မွန်)