Main menu

မြန်အောင်မြို့နယ် SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၂၀.၂.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းအုပ်စု၊ ဘာဝနာကျေးရွာရှိ မုန့်မျိုးစုံလုပ်ငန်းသို့ SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လက်ရှိထုတ်လုပ်နေသော ထုတ်လုပ်ပုံနည်းစနစ်၊ ရင်းနှီးမြှပ်နှံမှုအခြေအနေနှင့် အကျိုးအမြတ်၊ လုပ်သားအင်အား၊ သန့်ရှင်းမှု ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းမှီစေရေး တို့ကိုဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ဘက်မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ စားသုံးနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)