Main menu

ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် ဌာန၏ပင်မလုပ်ငန်းဖြစ်သော စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်နေရုံသာမက ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်းတွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုအခက်အခဲများကို မေးမြန်းကူညီဆောင်ရွက်လျက်ရှိပါသည်။

   (၁၅-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးသည် နှင်းဆီလမ်း၊ တောင်ပြင်(၁)ရပ်ကွက်မှထုတ်လုပ်သော “ဇင်းနစ်” ကိတ်မုန့်မျိုးစုံလုပ်ငန်းရှင် ဦးကျော်ထက်အောင်နှင့်တွေ့ဆုံပြီး လုပ်ငန်းအခြေအနေများကိုမေးမြန်းခဲ့ပါသည်။

   ထိုသို့ဆွေးနွေးရာတွင် “ဇင်းနစ်” အမှတ်တံဆိပ်ဖြင့် ကိတ်မုန့်မျိုးစုံနှင့် မွေးနေ့ကိတ်များထုတ်လုပ်ကြောင်းနှင့် လုပ်ငန်းရှင်မှာ (၁/၂၀၂၂)မှ စတင်လုပ်ကိုင်ခဲ့ပြီး မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးဖြစ်ကြောင်း၊ ထွက်ရှိလာသောမုန့်များကို တောင်တွင်းကြီးမြို့၊ မြို့မစျေးနှင့် အိမ်တွင် လက်လီ/လက်ကားရောင်းချကြောင်းသိရှိရပြီး ဌာနမှသတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြလာစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)