မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၃)ဆိုင်ရှိရာ ဆိုင်များအားလုံးပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိပြီး တန်းစီစရာမလိုဘဲ လိုအပ်သလောက်ရောင်းချပေးလျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)အတွင်း ရောင်းချခဲ့သောစက်သုံးဆီစျေးနှုန်းများမှာ ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ် (၂၇၃၀)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ် (၂၈၅၀)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ် (၂၅၇၀)နှင့် ဒီဇယ် (ပရီမီယံ) (၁)လီတာလျှင် ကျပ် (၂၆၂၀)ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီစျေးနှုန်းမှာ ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ် (၂၈၁၅)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ် (၂၉၂၅)၊ ဒီဇယ်ရိုးရိုး (၁) လီတာလျှင် ကျပ် (၂၆၄၀)နှင့် ဒီဇယ် (ပရီမီယံ) (၁)လီတာလျှင် ကျပ် (၂၇၀၀)ဖြစ်၍ ဓာတ်ဆီ (92) (၁)လီတာလျှင် ကျပ် (၈၅)၊ ဓာတ်ဆီ (95) (၁)လီတာလျှင် ကျပ် (၇၅)၊ ဒီဇယ်ရိုးရိုး (၁)လီတာလျှင် ကျပ် (၇၀) နှင့် ဒီဇယ် (ပရီမီယံ) (၁) လီတာလျှင် ကျပ်(၈၀) တို့ စသည်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်လာကြောင်း လေ့လာသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်စေရေးအတွက် နေ့စဉ် စျေးနှုန်းများကောက်ယူတင်ပြခြင်း၊ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၈-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်(၈)ဆိုင်တွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်းရောင်းချမှုရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိနှင့် ပွင့်လင်းရာသီနွေဦးကာလသို့ရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိပ်၊ မီးကတ်နှင့် လှေကား၊ သဲများအသင့်ပြင်ဆင်ထားမှုရှိ/မရှိ အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မကွေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)