Main menu

ပဲရိတ်သိမ်းကာလ ပဲသယ်ခြင်းနှင့် ဖရဲသီးများ အရောင်းသွက်

Powered by Drupal

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ယခု ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် မတ်ပဲများ လှိုင်လှိုင်ရိတ်သိမ်းနေချိန်ဖြစ်ပြီး  မတ်ပဲများ ရိတ်ခြွေရာတွင် မတ်ပဲသယ်ခြင်းများကို အသုံးပြုကြသည့်အတွက် ဈေးကွက်အတွင်း ပဲသယ်ခြင်းများ ရောင်းအားကောင်းလျက်ရှိပါသည်။ ပဲသယ်ခြင်းများကို အဝိုင်းကွက်နှင့် လေးထောင့်ကွက်စသည်ဖြင့် (၂)မျိုး ရောင်းချနေပြီး အရည်အသွေးကို လိုက်၍ ပဲသယ်ခြင်း တစ်ခြင်းကို  (၅၀၀၀-၇၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

     ပဲသယ်ခြင်းများ ရောင်းအားကောင်းနေသလို ပဲရိတ်ခြွေရာတွင် ကျွေးရန် ဖရဲသီးများ ဝယ်ယူသည့်အတွက် ဈေးကွက်အတွင်း ဖရဲသီးများလည်း အရောင်းသွက်နေကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ဖရဲသီးများလည်း လှိုင်လှိုင်ထွက်ရှိနေချိန်ဖြစ်ပြီး ဖရဲအကြားသီး၊ အကြီး တစ်လုံး (၅၀၀၀-၄၀၀၀) ကျပ် ၊ အလတ်တစ်လုံးလျှင် (၃၅၀၀-၃၀၀၀) ကျပ် ၊ အသေးတစ်လုံးလျှင် (၂၀၀၀-၁၅၀၀ ) ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)