Main menu

မရန်းသီးများစတင်ထွက်ပေါ်

Powered by Drupal

     မရန်းပင်သည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေစေးဆန်ပြီး နုန်းမြေ၊ ပူအိုက်စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ စိုက်ပျိုးပြီး (၇)နှစ်ကြာလျှင် အသီးစတင် ခူးဆွတ်နိုင်ပြီး အသီးထွက်နှုန်းမှာ အပင်ငယ်လျှင် အလုံးရေ ၅၀၀၀/၇၀၀၀အထိရရှိပြီး အပင်ကြီး လျှင် အလုံးရေ ၂၀၀၀၀/၃၀၀၀၀ အထိရရှိနိုင်ပါသည်။ မရန်းသီးသည် ရာသီချိန် သာပေါ်ပြီး ဈေးကွက်တွင် ရောင်းချိန်သိပ်မကြာတဲ့သီးနှံဖြစ်ပါသည်။ ဇန်နဝါရီလလောက်မှာစတင်ပေါ်ပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှုနည်းပါးသွားပါသည်။ ပေါ်စတွင်တစ်ပိဿာလျှင် ၅၀၀၀၀ခန့်အထိရှိပြီး ယခု ဖေဖော်ဝါရီ တတိယပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ် ကျဆင်းလာပါသည်။ အလုံးအကြီးအသေးပေါ်မူတည်၍လည်း ဈေးနှုန်း ကွာခြားခြင်းများလည်းရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)