Main menu

“ကျောက်ဆည်ခရိုင်၏ ဆောင်းပဲတီစိမ်းစိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း မိုးပဲတီစိမ်း (၂၁၅၂၀)ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး ယခုဆောင်းပဲတီစိမ်းကို  (၅၁၉)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ဆောင်းပဲတီစိမ်းကို အောက်တိုဘာလ၊ နိုဝင်ဘာလများတွင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် အသီးများကို စတင်ကောက်ယူရတော့မည်ဖြစ်ကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် စိုက်ပျိုးမှု၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၃၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ကျောက်စိမ်းမျိုး ၊ ရေဆင်း-၁၁ မျိုးများဖြစ်ကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးမှုတွင် မိုးပဲတီစိမ်းမှာ အထွက်နှုန်းပိုပြီး ဆောင်းပဲတီစိမ်းမှာ  စိုက်ပျိုးမှုအလွန်နည်းပြီး အထွက်နှုန်းနည်းကြောင်း၊ ပဲတီစိမ်းစျေးနှုန်းအနေဖြင့် ယခင်မိုးပဲတီစိမ်းပေါ်ချိန်တွင် တစ်တင်းလျှင် (၄၀၀၀၀/-)ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုလက်ရှိပေါက်စျေးအနေဖြင့် (၅၅၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ဆောင်းပဲတီစိမ်းပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ရရှိနိုင်ကြောင်း၊   ဆောင်းပဲတီစိမ်းစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)