Main menu

မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းတွင်ပြုလုပ်သည့် အခြေခံစက်ချုပ်သင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဘုတလင်မြို့နယ်တာဝန်ခံတို့သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌ စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို မုံရွာမြို့၊ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် “အခြေခံစက်ချုပ်သင်တန်း” ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းသို့ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသူစုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

    အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဦးမြို့နယ်တာဝန်ခံက သင်တန်းသူများအသိပညာများတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူများရသင့်ရထိုက်သော အခွင့်အရေးများ ပြောကြားခဲ့ပြီး ဘုတလင်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် စားသောက်ကုန်များကို ဝယ်ယူစားသုံးသင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် ဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ်  ဌာနအနေဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထို့နောက် တက်ရောက်လာသည့် သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသူများက စားသုံးသူကာကွယ်ပေးရေးအကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ၎င်းဟောပြောဆွေးနွေးပွဲကို နံနက်(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)