စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးများနှင့် စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖေဖော်ဝါရီလအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် (၂-၂-၂၀၂၄) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်“အ.ထ.က”ခွဲညောင်အိုင်ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူများနှင့် (၁၃-၂-၂၀၂၄)ရက်နေ့တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မူလွန်(၁) ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူတို့အား တာဝန်ရှိသူများက “ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်၊ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိတယ်” ဆိုသည့်အတိုင်း ၎င်းတို့အနေဖြင့် စားသုံးသူအခွင့်အရေး(၈)ချက်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကြုံတွေ့လာရပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို သေချာစိစစ်ရွေးချယ်ဝယ်ယူအသုံးပြုကြရန်လိုအပ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)