Main menu

ကန့်ဘလူမြို့ရှိ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်ဈေးများ ဆက်လက်ကျဆင်းလျက်ရှိ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်ဈေးများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် အသီးအရွက်ကုန်စိမ်းဈေးတန်းတွင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲမြစ်၊ ကန်ဇွန်းဥ၊ ငရုတ်သီးစိမ်းစသည့် ကုန်စိမ်းပစ္စည်းများ ရောင်းချလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်း ကာဘိုးကျေးရွာ၊ ညောင်ပင်ကျေးရွာများမှ ဖောက်သည် ယူဆောင်ရောင်းချရပြီး ဖောက်သည်ယူရသည့်  ပန်းဂေါ်ဖီ ဈေးနှုန်းမှာ ပန်းပွင့် အကြီး/အသေး ပျမ်းမျှ တစ်ပွင့်လျှင် ကျပ်(၂၀၀)နှုန်း၊ ဂေါ်ဖီထုပ် ဈေးနှုန်းမှာ အထုပ် ကြီး/အသေး ပေါ်မူတည်၍ ပျမ်းမျှ တစ်ထုပ်လျှင်ကျပ်(၄၀၀)တို့ဖြင့် ယူရပြီး စားသုံးသူများထံသို့ ပြန်လည်ရောင်းချရာတွင် ပန်းဂေါ်ဖီ တစ်ပွင့်လျှင် ကျပ် (၃၀၀/၃၅၀/၄၀၀)အစားစားရောင်းချကာ ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ်(၆၀၀/၈၀၀) နှုန်းတို့ဖြင့် အစားစားရောင်းချလျက်ရှိပြီး ယခင် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများထက် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် ဈေးနှုန်းများ ထက်ဝက်ကျဆင်းလျက်ရှိကြောင်းနှင့် ကန်ဇွန်းဥ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ ပဲမြစ် တစ်ပိဿာလျှင် ကျပ်(၂၇၀၀)ဈေးရောင်းချကာ ကန်ဇွန်းဥနှင့် ပဲမြစ်များကို မန္တလေးမြို့မှ မှာယူရောင်းချရပါကြောင်း  ကန့်ဘလူမြို့ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)