Main menu

ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ရွှေဘိုပဲစဉ်းငုံ(နီ)ဈေး အနည်းငယ်ကျ

Powered by Drupal

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဖေဖော်ဝါရီလ၊ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ ‌ဇန်နဝါရီလ၊ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့သော်လည်း ဖေဖော်ဝါရီလ၊ စတုတ္ထပတ်တွင် ပဲစဉ်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ ကြောင်း၊ ယခုအပတ်တွင်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၁၅၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀၀)တင်း/(၅၈၈)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ) တစ်တင်းလျှင် (၁၂၂၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၇၆၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်းနှင့် အဝင်များပြီး ယခင်အပတ်အောက် ဈေးအနည်းငယ်ကျဆင်းသော်လည်း  ဝင်ရောက်သမျှ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)