Main menu

ခရမ်းမြို့နယ်၌ ဆောင်းသီးနှံ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ခရမ်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ ပဲတီစိမ်းများကို တစ်မြို့နယ်လုံးတွင် (၂၀၂၃-၂၀၂၄) ခုနှစ်၌ စိုက်ပျိုးဧက (၁၀၅၀၁၇)ဧကလျာထားစိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ပါသည်။

     ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ် ဆောင်းသီနှံစိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ နိုင်ငံခြားဝင်ငွေများရရှိနိုင်စေရေးတို့အတွက် ပဲတီစိမ်းသီးနှံကို အဓိကအားထားစိုက်ပျိုးခဲ့ရာ ယခုအခါတွင် ခရမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု(၆၄)ရွာမှ စိုက်ပျိုးထားသော လယ်ဧကများတွင် ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ထွက်ပေါ်လာသော ပဲတီစိမ်းသီးနှံများကို ခရမ်းမြို့နယ်အတွင်းရှိ ကုန်သည်များက ပဲအဝယ်ဒိုင်များဖွင့်လှစ်ဝယ်ယူခဲ့ရာ ယခုဖေဖော်ဝါရီလ စတုတ္တပတ်အထိ လက်ရှိပေါက်ဈေးမှာ ပဲတီစိမ်း (၁)တင်းလျှင် (၈၂၀၀၀)ကျပ်ဖြင့်ဝယ်ယူလျက်ရှိပြီး ခရမ်းမြို့နယ်မှ လှိုင်သာယာ၊ ရွှေပြည်သာ၊ အရှေ့ဒဂုံစက်မှုဇုန်များသို့ ယနေ့အထိ ပဲတင်းပေါင်း (၃၈၀၀၀)တင်းခန့်တင်ပို့ရောင်းချခဲ့ကြောင်းသိရပါသည်။

     ယခုနှစ် ပဲပေါ်စ (ဂေါင်ပဲ) ပဲတီစိမ်းတစ်တင်း၏ အဖွင့်ဈေးနှုန်းမှာ (၉၀၀၀)ကျပ်ဖြစ်၍ ယခင်နှစ် ပဲတီစိမ်းစတင်ထွက်ရှိချိန်၌ အဖွင့်ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြစ်သောကြောင့် ယခင်နှစ်ထက်ဈေးပိုလာသဖြင့် ဆောင်းသီးနှံပဲတီစိမ်းစိုက်တောင်သူများမှာ သီးနှံဝင်ငွေပိုမိုတိုးပွားရရှိလာကြောင်းသိရပါသည်။

DOCA(ရန်ကုန်)