ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်/ဆက်၊ မြို့နယ် အား/ကာ အဖွဲ့များနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ (၂၇)ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အ.ထ.ကမြို့မကျောင်းတွင် ဆရာ၊ဆရာမ (၁၂)ဦး၊ ကျောင်းသား၊ကျောင်းသူ(၃၂၆)ဦးတို့အား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက် အပါအဝင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအပေါ်မူတည်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိနိုင်သော အခွင့်အရေး(၈)ချက်နှင့် တာဝန်များအစရှိသည့် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)