Main menu

ပြည်ပဲစင်းငုံများ ပဲဈေးကွက်၌ ဈေးအမြင့်ဆုံးရနေခဲ့

Powered by Drupal

    ပြည်ပဲဈေးကွက်၌ ပဲစင်းငုံသီးနှံသစ်များ အဝင်ဆက်တိုက်ရှိလာပြီး တစ်ရက်လျှင် အိတ်၄၀၀ကျော် ဝင်ရောက်ခဲ့ကြပါသည်။ ပြည်ဈေးကွက်သို့ ပန်းတောင်း၊ ဥသျှစ်ပင်ဘက်မှ နေ့စဉ်ဝင်ရောက်လာခြင်းဖြစ်ပြီး ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ်လက်အဓိကထားဝယ်ယူသောကြောင့် ဝင်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ၁၁၈၀၀၀ကျပ်မှ ၁၁၉၀၀၀ကျပ်အထိဈေးနှုန်းရရှိနေသောကြောင့် ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရလျက်ရှိသည့် ပဲသီးနှံဖြစ်ပါသည်။ ပဲစင်းငုံသီးနှံသည် ၂၀၂၃နှစ်ကုန်ပိုင်း ကာလတွင် ဈေးကွက်အတွင်း မတ်ပဲသီးနှံဈေးနှင့်အပြိုင် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး မတ်ပဲသီးနှံအနေဖြင့် ယခုအထွက်လှိုင်လာချိန်တွင် ပဲသစ်ပေါ်စအချိန်၏ဈေးနှုန်းထက် ဈေးလျော့နည်းသွားခဲ့သော်လည်း ပဲစင်းငုံသီးနှံမှာမူ ယခုအချိန်ထိ ဈေးနှုန်းအမြင့်ဖြင့် ဆက်လက်ရောင်းဝယ်လျက်ရှိခဲ့ပါသည်။ ယခင်နှစ် ပဲစင်းငုံသီးနှံ၏ ကာလတူအချိန်ဈေးနှုန်းမှာ တစ်တင်းလျှင် ၆၇၅၀၀ကျပ်သာရရှိခဲ့ပြီး ယခုနှစ်တွင် ဈေးကွက်အတွင်း ဈေးကောင်းဝင်သီးနှံတစ်မျိုးဖြစ်နေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)