Main menu

ပြည်ဘိုကိတ်ပဲသစ်များ လက်လီ/လက်ကားအရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

     ပြည်ပဲဈေးကွက်၌ ဆောင်းပဲသစ်များအားလုံး နေ့စဉ်ဝင်ရောက်လျက်ရှိကြရာ ပြည်ပဝယ်လက်များဖြစ်သော မတ်ပဲ၊ ပဲစင်းငုံသီးနှံများသာမက ပြည်တွင်းဝယ်လက်ဖြစ်သော ဘိုကိတ်ပဲသီးနှံသစ်များလည်းအဝင်များလာပြီဖြစ်ပါသည်။ တစ်ရက်လျှင် အိတ်၃၀၀ကျော်ဝင်ရောက်ပြီး ပြည်အနီးတဝိုက်ဒေသများမှ ဝင်ရောက်ခြင်းဖြစ်ခဲ့ကာ ဝယ်လိုအားအနေဖြင့် လက်လီ/လက်ကားအဝယ်ရှိသောကြောင့် အရောင်းအဝယ်သွက်နေခဲ့ပါသည်။ ပဲတစ်တင်းလျှင် ၇၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြသည့်အတွက် ယခင်ဇန်နဝါရီလ၏ ဈေးနှုန်းထက် ဈေးနှုန်းအနည်းငယ်လျော့နည်းသွားခဲ့ပါသည်။ ယခင်ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ၇၇၀၀၀ကျပ်ထိဈေးနှုန်းမြင့်တက်နေခဲ့ပြီး ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်မူ ပဲအထွက်လှိုင်ပြီး အဝင်များလာသောကြောင့် ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ၄၀၀၀ကျပ်ခန့်လျော့နည်းသွားခဲ့သည်ဟုသိရပါသည်။ နှစ်ကုန်ပိုင်းကာလမှစ၍ ပဲဈေးကွက်သို့ ဘိုကိတ်ပဲသစ်များဝင်ရောက်ခြင်းဖြစ်ပြီး ပဲသစ်အဖွင့်ဈေးမှာ တစ်တင်းလျှင် ၇၂၅၀၀ကျပ်ခန့်ရရှိလာခဲ့သောကြောင့် ပဲဈေးနှုန်းမှာ ယခင်ဇန်နဝါရီလ ဈေးနှုန်းအောက်လျော့နည်းသွားသော်လည်း ပဲသစ်အဖွင့်ဈေးအောက် လျော့နည်းသွားခြင်းမျိုးမရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)