စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး မတ်လပထမပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင် လိုက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်း ခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ပုစွန်ထုပ် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ငါးဈေးနှုန်းများအား ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ပုစွန်ထုပ် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသောငါးဒိုင်များမှ သတင်းရရှိ ပါသည်။
DOCA(စစ်ကိုင်း)