ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။
၂၀၂၄ခုနှစ်၊ မတ်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ပန်းသီး(အိတ်စွပ်) အကြီး(၁)လုံးလျှင် (၂၅၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၁၅၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးအကြီး (၁)လုံးလျှင်(၅၀၀၀)ကျပ်၊ မက်မန်းသီး (၁)ပိဿာ လျှင် (၄၅၀၀)ကျပ်၊ စတော်ဘယ်ရီသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ လိမ္မော်သီး(ဆန်းကစ်) (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ မာလကာသီး (၁)လုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ် နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက်မြစ် ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ ဖီးကြမ်း ငှက်ပျောသီး (၁)ဖီးလျှင်(၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်သစ်သီးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)