ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြိုနယ် နေရာအနှံ့အပြားတွင် မရမ်းပင်များကို စားသုံးရန်နှင့် ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ဇန်နဝါရီလ မရမ်းသီးပေါ်စအချိန်၌ မရမ်းပင်စိုက်သူများမှာ မရမ်းသီး (အနု)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုလှိုင်လှိုင်ထွက်ရှိချိန် ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် မရမ်းသီး(မနုမရင့်) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်သာရှိတော့ကြောင်းသိရှိရပါသည်။ ထွက်ရှိလာသော မရမ်းသီးများကို ဒေသတွင်းမြို့နယ်များနှင့် ပြည်မြို့သို့လည်းတင်ပို့ရောင်းချကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)