Main menu

နောင်ချိုမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ (၅.၃.၂၀၂၄) ရက်နေ့တွင် ဖြစ်ပေါ်နေသော ပြောင်း၊ကြံစိုက်တောင်သူများအတွက် အဓိကအသုံးပြုလျက်ရှိသော ပုလဲဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပုလဲဓာတ်မြေဩဇာ- အာမို (၁၅) ပတ်လည် (၅၀ဂရမ်) တစ်အိတ်လျှင် (၁၅၇၀၀) ကျပ်၊ ကောမတ်(ဩဘာတံဆိပ်) တစ်အိတ်(၅၀ဂရမ်) လျှင် (၁၁၀၀၀၀) ကျပ်၊ စီပီမြေဝိဇ္ဇာ(စီပီတံဆိပ်) တစ်အိတ်(၅၀ ဂရမ်)လျှင် (၁၀၂၀၀၀) ကျပ် ရှိပြီး၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ပကလန်း(ဩဘာတံဆိပ်) ၁၀၀ဂရမ် လျှင် (၁၁၅၀၀) ကျပ်၊ အီမက်စ်   (Vanadi တံဆိပ်) ၁၀၀ ဂရမ်လျှင် (၁၀၀၀၀) ကျပ်၊ ဟာမိုနီ (မြင်းကျားတံဆိပ်) ၁၀၀ ဂရမ်လျှင် (၂၀၀၀၀) ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)