ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံပြောင်းဖူးများထွက်ရှိလျက်ရှိပါသည်။ သဲကုန်းမြို့နယ်အနေဖြင့် ဆောင်း (ပြောင်း) စိုက်ဧက (၉၀၃၃)ဧကစိုက်ပျိုးထားရှိပါသည်။ ပြောင်းစိုက်ပျိုးရာတွင် ဒေသမျိုးများကို စိုက်ပျိုးခြင်းမပြုဘဲ အဓိကအားဖြင့် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း ပံအမှတ်တံဆိပ် ပြောင်းဖူးမျိုးနှင့် မြှားနီအမှတ်တံဆိပ် ပြောင်းဖူးမျိုးများကို ရွေးချယ်စိုက်ပျိုးကြောင်း ၊ အထွက်နှုန်းကောင်းပြီး ဈေးကွက်ရှိ သီးနှံဖြစ်ခြင်းကြောင့် ပြောင်းစိုက်ပျိုးမှုများ ပိုမိုများပြားလာကြောင်း၊ ယခု ၂၀၂၄ခုနှစ်၊ ယခင်ဖေဖေါ်ဝါရီလ ပထမပတ်ပေါက်ဈေးနှုန်းမှာ ပံပြောင်းဖူးတစ်ဖူးလျှင် (၃၃၀)ကျပ်၊ မြှားနီပြောင်းဖူးတစ်ဖူးလျှင် (၃၀၀)ကျပ်ဈေးနှုန်းရှိခဲ့ပြီး ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် ပံပြောင်းဖူးတစ်ဖူးလျှင် (၃၅၀)ကျပ်၊ မြှားနီပြောင်းဖူးတစ်ဖူးလျှင် (၃၂၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။
လက်ရှိဈေးကွက်အနေဖြင့် ဒေသတွင်းမြို့နယ်များ၊ ပြည်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)