![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/258_2.jpg?itok=f-3O158Z)
ပြည်ဈေးကွက်အတွင်း ဝင်ရောက်မှုရှားပါးနေသည့် ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်များမှာ ဈေးနှုန်းမြင့်တက်ပြီး အရောင်းသွက်လျက်ရှိပါသည်။ ပြည်မြို့ပေါ်ဈေးများသို့ ပြည်မြို့၊ အရှေ့ဘက်ရွာများဖြစ်သော ဇီးအုပ်၊ နတ်တလင်းရွာများတွင် ရေသွင်းစိုက်ပျိုးထားသည့် ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်များမှာ (၃)ရက်ခြားတစ်ခါ ပိဿာချိန် (၅)ပိဿာခန့် အဝင်ရှိနေပြီး ရှားပါးချိန်ဖြစ်၍ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ကင်ပွန်းချဉ်ရွက်နှင့် မန်ကျည်းရွက်တို့ကို ၁၀ကျပ်သားလျှင် ကျပ် (၉၀၀-၁၀၀၀) ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇန်နဝါရီလဆန်းပိုင်းတွင် ကျပ်၇၀၀ဖြစ်ခဲ့သောကြောင့် အဆိုပါဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဈေးနှုန်းပိုမိုမြင့်တက်လာကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)