Main menu

ပြည်မြို့၏ မြေပဲဆန်ဈေးနှုန်းဈေးကွက်

Powered by Drupal

     ပြည်ခရိုင်၊ ပြည်မြို့ရှိဈေးကွက်များတွင် နယ်စုံမှ မြေပဲဆန်များဝင်ရောက်မှုရှိရာ ယခုအချိန်တွင် ဆောင်းမြေပဲများထွက်ပေါ်ချိန်ဖြစ်၍ ဈေးကွက်တွင် မြေပဲသီးနှံများပေါများလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအချိန်သည် ထမနဲရာသီချိန်ဖြစ်၍ မြေပဲဆန်ဈေးနှုန်းများမှာ မြင့်တက်လာခြင်းမရှိဘဲ ယခင်ဖေဖော်ဝါရီလဆန်းပိုင်းအတိုင်း ဈေးအေးနေသည်ကိုတွေ့ရပါသည်။ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်လျက်ရှိသော မြေပဲဆန်ဈေးနှုန်းများမှာ ဆီကြိတ်ဆန် (အဖြူ)တစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ ရွေးဆန်(အဖြူ)တစ်ပိဿာလျှင် (၆၃၀၀-၆၈၀၀) ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀) ကျပ်အထိရှိပြီး လုံးဆန်(အနီ)တစ်ပိဿာလျှင် (၇၅၀၀-၈၀၀၀) ကျပ်အထိရောင်းချကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့်  မြို့တွင်းဆီစက်သမားများ၊ ပဲကြော်၊ ပဲလှော်သမားများနှင့် မကွေးနှင့် မန္တလေးတိုင်းများမှ ဝယ်ယူသဖြင့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ခါတစ်ခါအရောင်းအဝယ်ဖြစ်လျှင် အိတ်(၅၀၀)ခန့်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)