Main menu

ပြည်မြို့ရှိဈေးများတွင် ရွှေတောင်ဘက်မှ ခရမ်းညိုသီးများလာရောက်ရောင်းချ

Powered by Drupal

     ပြည်မြို့ရှိဈေးကွက်များတွင် ခရမ်းညိုသီးများကို ဈေးနှုန်းသက်သာစွာရောင်းချနေသည်ကိုတွေ့ရပါသည်။ ထိုခရမ်းညိုသီးအရှည်သီးများကို ရွှေတောင်ဘက်ရှိ ကျေးရွာများ၌စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် ခရမ်းသီးထွက်ပေါ်ချိန်ဖြစ်၍ လာရောက်ရောင်းချကြောင်းသိရပါသည်။ ယခုအချိန်တွင်ထွက်ပေါ်သော ခရမ်းသီးများမှာ အထွက်နှုန်းကောင်းမွန်၍ အထွက်လှိုင်သဖြင့် ဈေးနှုန်းကျဆင်းနေကြောင်းသိရပါသည်။ ယခင်ခရမ်းသီးများရှားပါးချိန်တွင် ခရမ်းသီးတစ်လုံးလျှင် (၃၀၀-၄၀၀)ကျပ်အထိဈေးနှုန်းမြင့်တက်ခဲ့ပြီး ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပိဿာချိန်ဖြင့်ရောင်းချကာ တစ်ပိဿာလျှင် အလုံးကြီး(၇) လုံးခန့်ပါဝင်ပြီး (၇၀၀)ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်းများကျဆင်းလာပါသည်။

      ခရမ်းသီးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းကောင်း၍ ဈေးလျှော့ရောင်းချရသော်လည်း အကျိုးအမြတ်မှာ မနည်းဘဲ ဝင်ငွေများရရှိပြီး စားသုံးသူများအနေဖြင့်လည်း ဝယ်ယူစားသုံး၍ ဈေးသင့်ကြောင်းသိရပါသည်။

DOCA(ပဲခူး)