Main menu

ပေါက်ခေါင်းမြို့နယ်တွင် နွေစပါးများစတင်စိုက်ပျိုး

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလမှစ၍ နွေစပါးများစတင်စိုက်ပျိုးလျက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်အနေဖြင့် လျာထားသည့် နွေစပါးစိုက်ဧကမှာ ၁၁၃၄၄ဧကဖြစ်ပြီး ယခုအချိန်ဖြစ်သော ဖေဖော်ဝါရီလ နောက်ဆုံးပတ်အထိ ၃၉၅၁ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရပါသည်။ ပေါက်ခါင်းမြို့နယ်တွင် အဓိကစိုက်ပျိုးသော စပါးမျိုးများမှာ GW-11 မျိုးနှင့် ထိုင်းနှံကောက်မျိုးတို့ဖြစ်ပြီး အခြားစပါးမျိုးများကိုလည်း အနည်းငယ်စိုက်ပျိုးကြောင်းသိရပါသည်။ နွေစပါးစိုက်ပျိုးရာတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးခြင်းနှင့် ကျဲခင်း စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးစိုက်ပျိုးကြပါသည်။ နွေစပါးတစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ Seeder စနစ်ဖြင့်စိုက်ပျိုးပါက ၂၂၀၀၀၀ကျပ်ခန့်ကုန်ကျပြီး ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် ကျပ်(၄)သိန်းခန့်ကုန်ကျကြောင်းသိရပါသည်။ စပါးအထွက်နှုန်းအနေဖြင့် ကျဲပက်ခင်းနှင့် ပျိုးထောင်ခင်းတို့မှာ အထွက်နှုန်းတူသော်လည်း ကျဲပက်ခင်းမှာ ကုန်ကျစရိတ်နည်းသဖြင့် တောင်သူအများစုမှာ ကျဲပက်ခင်းကိုသာအသုံးပြု၍ စိုက်ပျိုးကြောင်းသိရပါသည်။ ယခင်နှစ် နွေစပါးရာသီတွင် ပေါ်ခါစ၌ တင်း(၁၀၀)လျှင် ကျပ်(၁၁)သိန်းဈေးနှုန်းဖြင့် စတင်ဈေးဖွင့်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)