Main menu

ပန်းတောင်းမြို့နယ်၏ ဖရဲတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာတွင် ဖရဲသီးများစိုက်ပျိုးထားကြောင်းသိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၈-၂-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဖရဲတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်ကိုသိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းလေ့လာရာတွင် ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာနေ ဖရဲစိုက်ပျိုးသည့် တောင်သူ ဒေါ်နန်းခမ်းမှာ ၎င်းအနေဖြင့် ဖရဲတစ်ဧကစိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးမှာ ကလေးဖရဲမျိုးဖြစ်ကြောင်း၊ ဖရဲတစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၁၁၂၂၀၀၀ကျပ်ကုန်ကျကြောင်းသိရပါသည်။ ကုန်ကျစရိတ်အသေးစိတ်မှာ စိုက်ပျိုးထွန်ယက်ခအနေဖြင့် (၁)စပ်လျှင် (၁)သိန်းကျပ်ဖြင့် (၂)စပ်ထွန်ယက်ခအတွက် (၂)သိန်းကျပ်ကုန်ကျပါသည်။ မျိုးမှာ တစ်ဧကလျှင် နို့ဆီဘူး(၄)ဘူးကုန်ကျပြီး တစ်ဘူးလျှင် (၂၈၀၀၀)ကျပ်ဖြင့် စုစုပေါင်း ၁၁၂၀၀၀ကျပ်ကုန်ကျပြီး စိုက်ကျင်းတူးခမှာ ၇၅၀၀၀ကျပ်၊ ပိုးသတ်ဆေးဖျန်းခမှာ ၆၀၀၀၀ကျပ်၊ မြေဩဇာ(၃)မျိုးစပ်တစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ၃၆၀၀၀၀ကျပ်၊ အပင်စိုက်ခမှာ ၁၇၅၀၀၀ကျပ်နှင့် ရေလောင်းခမှာ ၅၀၀၀၀ကျပ်ဖြင့် စုစုပေါင်း ၁၁၂၂၀၀၀ကျပ်ကုန်ကျကြောင်းသိရပါသည်။ ယခုအချိန်၌ ထိုစိုက်ခင်းတွင် ဖရဲသီးများထွက်ပေါ်ခြင်းမရှိသေးဘဲ အသီးကင်းများသာထွက်ပေါ်ကြောင်းတွေ့ရှိရပါသည်။ ဖရဲသီးများထွက်ပေါ်ချိန်ရောက်လျှင်လည်း အထွက်ကောင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)