Main menu

တောင်ငူမြို့တွင် ကြက်သွန်နီဈေးနှုန်းကျဆင်း၍ ကြက်သွန်ဖြူနှင့် ငရုတ်ခြောက်ဈေးနှုန်းတို့မြင့်တက်

Powered by Drupal

      တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာပြီး စားအုန်းဆီကိုမူ တစ်ပိဿာလျှင် ၇၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

      ကြက်သွန်နီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် အသေး ၂၈၀၀ကျပ်၊ အလတ် ၃၂၀၀ကျပ်၊ အကြီး ၃၆၀၀ကျပ်၊ တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀ကျပ်၊ အလတ် ၂၀၀၀ကျပ်၊ အကြီး ၂၃၀၀ကျပ်၊ တရုတ်ကြက်သွန်နီတစ်ပိဿာလျှင် ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာပါသည်။

      ကြက်သွန်ဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် အသေး ၁၂၀၀၀ကျပ်၊ အလတ် ၁၅၀၀၀ကျပ်၊ အကြီး ၁၇၀၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အသေး ၁၇၀၀၀ကျပ်၊ အလတ် ၁၈၀၀၀ကျပ်၊ အကြီး ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး တရုတ်ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြစ်၍ ဈေးနှုန်းကျဆင်းလာပါသည်။

        အာလူးမှာ ယခင်ဖေဖော်ဝါရီလ တတိယပတ်တွင် တစ်ပိဿာလျှင် အသေး ၂၀၀၀ကျပ်၊ အလတ် ၂၈၀၀ကျပ်၊ အကြီး ၃၂၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် အသေး ၂၃၀၀ကျပ်၊ အလတ် ၂၆၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်ဖြစ်၍ ဈေးနှုန်း လျော့ည်းလာခဲ့ပါသည်။  

      ငရုတ်သီးခြောက် အပု/အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငရုတ်သီးခြောက်အပွမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

      မြေပဲဆန်(အဖြူ)မှာ ယခင်ဖေဖော်ဝါရီလ တတိယအပတ်တွင် တစ်ပိဿာလျှင် ၆၇၀၀ကျပ်မှ ၇၂၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး မြေပဲဆန် (အနီ) တစ်ပြည်လျှင်၈၀၀၀ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)