Main menu

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အများစုဈေးကျ

Powered by Drupal

      တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ငရုတ်သီးစိမ်း (ကျောက်စိမ်း)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း(ကုလားအော်သီးမှာ)  ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

      ခရမ်းသီး (အဖြူ)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၄၀၀ကျပ်မှ ၁၆၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၉၀၀ကျပ်အထိ၊ ခရမ်းသီး (အညို)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင်  ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။      

      ဒေသသခွားသီးမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   ခရမ်းချဉ်သီး (ရှမ်းပြည်သီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ၊ ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပါသည်။

        ဂေါ်ဖီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပြီး နံနံပင်မှာ တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မုံညင်းဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ မုန်လာဖြူမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်ရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းလာခဲ့ပြီး မုံလာဥနီမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၈၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်မွန်းချဉ်ရွက်မှာ တစ်စည်းလျှင် ၃၀၀ကျပ်၊ ၂စည်းယူလျှင် ၅၀၀ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)