မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်သုံးဆီဆိုင်(၈)ဆိုင်ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ပထမပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၇၀၈)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၈၂၈)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅၄၈)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၉၈)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
ဖေဖေါ်ဝါရီလ တတိယပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် (၂၇၉၃)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၂၉၀၁)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၅၆၈)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၆၃၈)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ (92)တစ်လီတာလျှင် (၈၅)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၇၃)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် (၂၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၄၀)ကျပ်ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)