Main menu

ဖေဖေါ်ဝါရီလအတွင်း နတ်တလင်းမြို့နယ်တွင်ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံတို့တွင် မတ်ပဲအသစ်များဝင်ရောက်နေပြီဖြစ်သောကြောင့် ဖေဖေါ်ဝါရီလအတွင်း မတ်ပဲအရောင်း အဝယ်ကောင်းလျက်ရှိကြောင်းသိရှိရပါသည်။

   ဖေဖေါ်ဝါရီလ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ ပိဿာ(၂၀)ဝင်တစ်တင်းလျှင် (၁၀၁၃၀၀-၁၁၂၀၀၀) ကျပ်အထိဈေးပေါက်ခဲ့ပါသည်။ ပေါ်ဦးစမတ်ပဲများမှာ အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရသော်လည်း ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင်မူ ဈေးနှုန်းပြန်လည်ကျလာခဲ့ပြီး ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၁၀၁၀၀၀မှ ၁၀၃၀၀၀) ကျပ်ဈေးနှုန်းဖြစ်ခဲ့ပါသည်။

     ၂၀၂၄ခုနှစ်၊  ဖေဖေါ်ဝါရီလ တတိယပတ်တွင်မူ မတ်ပဲများလှိုင်လှိုင်ထွက်ရှိလာပြီး ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၁၀၃၀၀၀-၉၈၅၀၀) ကျပ်ဈေးပေါက်ခဲ့ပါသည်။ ယခုစတုတ္တပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် (၉၈၀၀၀-၉၇၅၀၀)ကျပ်အထိ ဈေးနှုန်းပြန်လည်ကျဆင်းသွားကြောင်းသိရှိရပါသည်။

     တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက်လျှင် အိတ်(၃၅၀)ဆံ့ကား (၂) စီးဖြင့် တင်ပို့နေရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)