Main menu

ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသောလည်း ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

    ၂၀၂၄ ခုနှစ်၊ မတ် လ ဒုတိယပတ်တွင် သံလွင်မြစ်ကမ်းနဘေးရှိ ခရမ်းချဉ်သီးစိုက်ပျိုး တောင်သူ ဦးပလိုင်းက ခရမ်းချဉ်သီး တစ်ဧကလျှင်  ၁၀၀ ဂရမ်နှုန်း ပျိုးထောင်ရင် အပင်အရေအတွက် ( ၉၀၀၀ မှ ၁၀၀၀၀ )ထိ ဝင်အောင်စိုက်ပျိုးနိုင်ကြောင်း၊ ခရမ်းချဉ်သီး တစ်ပင်လျှင် (၃) ပိဿ မှ (၆) ပိဿာ အထိ ထွက်နှုန်းရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် ( ၁၈၀၀ ၊ ၂၀၀၀ ) ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာ   ( ၁၅၀၀ ၊ ၁၈၀၀ ) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၈၀၀၊၁၀၀၀ ) ကျပ်၊ အလုံးသေး ဈေးနှုန်း တစ်ပိဿာလျှင်  ( ၆၀၀၊၈၀၀ ) ကျပ် တို့ ဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။

      ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် မတ်လ ဒုတိယပတ်ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကို တွေ့ရှိရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းကျရခြင်းမှာ ပွင့်လင်းရာသီဖြစ်၍ စိုက်ခင်းမှတပြိုင်တည်း လှိုင်လှိုင်ထွက်ရှိခြင်းနှင့် ခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သတင်းရရှိပါသည် ။

DOCA(ကရင်)