Main menu

ဘားအံမြို့ဒေသထွက် သခွားမွေးသီးဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ပွင့်လင်းရာသီ မတ်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် သခွားမွေးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သတင်းရရှိသည်။ သခွားမွေးသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သခွားမွေးသီးများ ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိပါသည်။ သခွားမွေးသီး အလုံးကြီးတစ်လုံးလျှင် (၃၀၀၀၊၅၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးလတ်တစ်လုံးလျှင် (၂၀၀၀၊ ၃၅၀၀) ကျပ်၊ သခွားမွေးသီး အလုံးသေးတစ်လုံးလျှင် (၁၀၀၀) ကျပ် တို့ဖြစ်ကြောင်းနှင့် သခွားမွေးသီး စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် သခွားမွေးသီး ဈေးကောင်းရ၍ တွက်ချေကိုက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)