Main menu

မတ်လ ပထမအပတ်တွင် ရွှေဘိုပဲစဉ်းငုံ(နီ)ဈေး အနည်းငယ်မြင့်တက်

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၄ခုနှစ် မတ်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစဉ်းငုံ(နီ၊ ဖြူ)များ စတင်ဝင်ရောက်ခဲ့ပြီး မတ်လ၊ ပထမအပတ်တွင် ပဲစဉ်းငုံ(နီ)တစ်မျိုးတည်းသာ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၂၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၂၅၀၀)တင်း/(၇၃၅)တန်ဖြစ်ကြောင်း၊ ယခင်ဖေဖော်ဝါရီ စတုတ္ထအပတ်နှင့် ယခုမတ်လပထမအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစဉ်းငုံ(နီ)တစ်တင်းလျှင်(၁၁၅၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစဉ်းငုံ(နီ)တစ်တင်းလျှင် (၁၀၀၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရာင်းအဝယ်ဖြစ်သည့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲစဉ်းငုံ(နီ)တစ်တင်း လျှင် (၆၇၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် တစ်တင်းလျှင် (၅၇၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊  ပဲစဉ်းငုံ(နီ)များမှာ ယခုအပတ်တွင် ယခင်အပတ်ထက်အဝင်များသည့်အပြင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာသဖြင့် ရောင်းချသည့်တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်းနှင့် ဝင်ရောက်သမျှ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)