Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

       ကန့်ဘလူ၊ ကျွန်းလှတို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း အရောင်းအဝယ် ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်း (အသစ်)တစ်ပြည် ကျပ် ၅၅၀၀၊ ဧရာမင်း (အသစ်)တစ်ပြည် ကျပ်၅၀၀၀ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေး အကြီး/အသေးနှင့် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာ ကျပ်၃၀၀၀/၂၅၀၀၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)အကြီး တစ်ပိဿာ ကျပ်၁၈၀၀၀ အလုံးအသေး တစ်ပိဿာ ကျပ်၁၆၀၀၀ ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၁၀၀၀ ၊ ချင်း တစ်ပိဿာ ကျပ် ၆၀၀၀၊ အာလူး အသေး/အကြီး အမျိုးအစားအလိုက် တစ်ပိဿာ ကျပ်၃၅၀၀/၃၂၀၀၊ ငရုပ်သီးခြောက် တစ်ပိဿာ ကျပ်၁၅၀၀၀၊ ကုလားပဲဆံ တစ်ပြည်လျှင် ကျပ်၈၇၀၀၊ စွန်တာနီပဲ လုံးကြား  အလုံးအလှပေါ်မူတည်၍ တစ်ပြည် ကျပ်၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ အသီးအရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(ထိုင်ဝမ်) တစ်ပိဿာ ကျပ်၃၀၀/၃၅၀ ၊ ခရမ်းသီး တစ်ပိဿာ ကျပ်၅၀၀၊ ငရုပ်သီးစိမ်း တစ်ပိဿာ ကျပ်၁၅၀၀၊ ပန်းဂေါ်ဖီ အသေး/အကြီးပေါ်မူတည်၍ တစ်ပွင့် ကျပ်၃၀၀/၄၀၀/၅၀၀၊ ဂေါ်ဖီထုတ် အသေး/အကြီးပေါ်မူတည်၍ တစ်ထုတ် ကျပ်၆၀၀/၈၀၀၊ ပဲသီးတောင့်ရှည် တစ်စီးလျှင် ကျပ်၂၅၀၊ ကန်ဇွန်းရွက် တစ်စီး ကျပ်၁၅၀၊ ချဉ်ပေါင်ရွက် တစ်ပုံ ကျပ်၂၀၀၊ မုံညှင်းဖူး တစ်စည်း ကျပ်၃၀၀၊ ကိုက်လန် တစ်စည်း ကျပ်၃၀၀၊ သံပုရာသီး တစ်လုံး ကျပ်၂၀၀/၂၅၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

     ကန့်ဘလူ၊ ကျွန်းလှတို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ/cp) တစ်ပိဿာ ကျပ်၁၄၀၀၀/ ၁၈၀၀၀၊ ဝက်သား တစ်ပိဿာ ကျပ်၁၆၀၀၀၊ အမဲသား တစ်ပိဿာ ကျပ်၁၄၀၀၀၊ ငါးကြင်း အကောင်လိုက် တစ်ပိဿာ  ကျပ်၉၅၀၀၊ ငါးကြင်းခုတ်သား တစ်ပိဿာ ကျပ်၁၆၀၀၀၊ တီလားဗီးယားငါး အကောင်သေး တစ်ပိဿာ ကျပ်၆၀၀၀၊ အကြီး တစ်ပိဿာ ကျပ်၈၀၀၀၊ ကြက်ဥ တစ်လုံး ကျပ်၂၅၀၊ ဘဲဥ တစ်လုံး ကျပ်၄၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

    ကန့်ဘလူ၊ ကျွန်းလှတို့၏ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီသန့် တစ်ပိဿာ ကျပ်၁၄၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ်၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

   ၂၀၂၄ ခုနှစ်၊ မတ်လဒုတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများအား ယခင် ၂၀၂၄ ခုနှစ်၊ မတ်လ ပထမအပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက အခြားအခြေခံစားကုန်ဈေးနှုန်းများ ၊အသားဈေး၊ငါးဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး ခရမ်းချဉ်သီးနှင့် အသီးအရွက်ဈေးနှုန်းများဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်နှင့် ခရမ်းချဉ်သီးဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေး ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)