Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မြန်မာ့လက်မှုလက်ရာ ထန်းလျှော်နှင့်ဝါးနှီးထွက်ပစ္စည်း ဈေးနှုန်းများ

Powered by Drupal

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်စုံဆိုင်တစ်ခုတွင် မြန်မာ့လက်မှုလက်ရာ ထန်းလျှော်နှင့်ဝါးနှီးထွက်ပစ္စည်းများ ရောင်းချလျက်ရှိရာ ဈေးနှုန်းဈေးကွက်အခြေအနေများ သိရှိနိုင်ရန် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဈေးဆိုင်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။ 

          လူတို့သည် နေ့စဉ်နံနက်အိပ်ရာနိုးထချိန်မှအစပြုကာ တစ်နေ့တာလုပ်ငန်းများကို ပြီးမြောက်အောင် ကြိုးစားလုပ်ကိုင်ခဲ့ကြပြီး ပင်ပန်းခဲ့သမျှကို အိပ်စက်ခြင်းဖြင့် အနားယူကြသည်။ အခြေခံလူတန်းစားများအတွက်တော့ အိပ်စက်ရာတွင် ဝါးနှီးဖျာသည် မရှိမဖြစ်အရေးပါသော ပစ္စည်းတစ်ခုဖြစ် ပါသည်။ ဒေသထွက် ဝါးနှီးဖျာအချော(၁)ချပ်လျှင် ၂၂၀၀၀ ကျပ်နှင့် အကြမ်း (၁)ချပ်လျှင် ၁၇၀၀၀ ကျပ်ဖြင့်ရောင်းချကြောင်း၊ ထန်းလျှော်ဖြင့်ရက်လုပ်ထားသည့် ထန်းလျှော်ဖျာ(၁)ချပ်လျှင် အသေး၊ အကြီး ပေါ်မူတည်၍ ၁၂၀၀၀ ကျပ်မှ ၂၀၀၀၀ကျပ်ထိ ရောင်းချရကြောင်း၊ မန္တလေးဘက်မှ ဝင်ရောက်သည့် သင်ဖြူးဖျာမှာ ဈေးအကြီးဆုံးဖြစ်ပြီး ၁၁၀၀၀ကျပ်မှ ၅၅၀၀၀ကျပ်ထိ ရောင်းချရကြောင်း၊ အခြားအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ထန်းခေါက်ထိုင်ခုံ(၁)တစ်လုံးလျှင် ၇၀၀၀ ကျပ်၊ ထန်းလျှော်တောင်းအကြီး(၁)လုံးလျှင် ၇၅၀၀ ကျပ်၊ ထန်းလျှော်လက်ဆွဲခြင်း(၁)လုံးလျှင် ၃၀၀၀ကျပ် မှ ၅၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ 

          ဝါးနှီးဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းဈေးနှုန်းများမှာ ဝါးခမောက်အသေးအကြီး ပေါ်မူတည်၍ ၂၂၀၀ကျပ်မှ ၂၇၀၀ကျပ်၊ ဂျုံခမောက်(၁)ချပ်လျှင် ၄၀၀၀ကျပ်၊ တောင်သူများ အသုံးပြုသည့် ရိုင်(၁)လိပ်လျှင် ၂၃၀၀၀ ကျပ်၊ တင်းတောင်း (၁)လုံးလျှင် ၁၂၀၀၀ကျပ်၊ ကလေးများအတွက် ဝါးနှီးပုခက်(၁)ခုလျှင် ၇၀၀၀ကျပ်၊ ထမင်းစားပွဲအုပ်ဆောင်း (၁)ခုလျှင် ၅၀၀၀ကျပ်၊ ကြက်အုပ် ဆောင်း(၁)လုံးလျှင် ၇၀၀၀ကျပ်၊ ဇကော(၁)ချပ်လျှင်  ၄၀၀၀ကျပ်၊ ဇကာ(၁)ချပ်လျှင် ၃၀၀၀ကျပ် ၊ သောက်ရေအိုးဖုံး(၁)ချပ်လျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်ထိရှိကြောင်း၊ တံမျက်စည်းကြမ်း(၁)ချောင်းလျှင် ၃၅၀၀ ကျပ်မှ ၄၅၀၀ကျပ်၊ တံမျက်စည်းနု(၁)ချောင်းလျှင် ၁၈၀၀  မှ ၂၅၀၀ ကျပ်၊ နွားချေးပစ်ခြင်းတောင်း(၁)လုံးလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြင့် ရွှေဘိုမြို့ဝါးနှီးပစ္စည်းအရောင်းဆိုင်မှ မှာယူ ရောင်းချကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)