Main menu

“ဆောင်းနေကြာစိုက်ပျိုးမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများစီးပွားဖြစ်စိုက်ပျိုးကြပါသည်။ ဆောင်းနေကြာကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၁၀၂၆၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၂၁၃၈)ဧက ၊ မြစ်သားမြို့နယ်တွင် (၅၁၇၇)ဧက၊စုစုပေါင်း(၂၇၅၈၁)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၂၄၉၃)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၉၉၁၀)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၅၂၆)ဧက၊ စုစုပေါင်း(၁၄၉၂၉)ဧကရိတ်သိမ်းပြီးစီးကြောင်း၊(၁)ဧကအထွက်နှုန်းအနေဖြင့် (၂၈-၂၉) တင်းထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ဆောင်းနေကြာစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါ အဝင်စုစုပေါင်း(၂၇၀၀၀၀/-)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် စျေးနှုန်းအနေဖြင့် နေကြာ တစ်တင်းလျှင်(၃၃၀၀၀/-)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင်(၁၃၀၀၀/-)ကျပ်၊ ယခုလက်ရှိပေါက်ဈေးအနေဖြင့် နေကြာ တစ်တင်းလျှင်(၃၅၀၀၀/-)ကျပ်၊နေကြာဆီ (၁)ပိဿာလျှင်(၁၄၀၀၀/-)ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ဆောင်းနေကြာ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၇၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်း နေကြာစိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)