Main menu

သရက်မြို့၏ ပျိုးပင်စိုက်ကြက်သွန်နီဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၏ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာသစ်၊ ပျဉ်ထောင်၊ မြွေပွေး၊ မင်းတည်း၊‌ ကျောက်အိုင်ကျေးရွာ စသည့်ကျေးရွာများမှ ၂၀၂၄ခုနှစ်၊ ဖေဖော်၀ါရီလ (စတုတ္တပတ်) တွင် ပျိုးပင်စိုက်ကြက်သွန်နီများ စတင်ပေါ်ထွက်ပေါ်ပြီဖြစ်ကြောင်းသိရှိရပါသည်။

  ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်) စတင်ထွက်ပေါ်ချိန်တွင် ကြက်သွန်နီလက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၀၀၀မှ ၂၅၀၀)ထိရှိပြီး လက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၈၀၀)ဈေးနှုန်းဖြင့် တစ်ပတ်လျှင် (၂၅)ပိဿာဝင်အိတ်ရေ (၁၅၀မှ ၂၀၀)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုမတ်လ (ပထမပတ်)တွင် ကြက်သွန်နီလက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် (၂၁၀၀မှ ၂၅၀၀) ဈေးနှုန်းဖြစ်ပြီး ကြက်သွန်နီလက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် ယခင်အပတ်ထက် ကျပ်(၂၀၀)ဈေးအမြင့်ဖြင့် နေ့စဉ်အိတ်ရေ (၂၀၀မှ ၂၅၀)အိတ်ခန့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြန်အောင်မြို့၊ အင်ပင်မြို့၊ ထူးကြီးမြို့များသို့ တင်ပို့ရောင်းချရကြောင်း ကြက်သွန်နီအဝယ်အရောင်းပြုလုပ်သူ ပျဉ်ထောင်ကျေးရွာရှိ ဒေါ်လှရှိန်ထံမှသိရပါသည်။

DOCA(မကွေး)